စိန်စီထားတဲ့ အချိန် အချိန်မရှိလို့၊ မအားလို့၊ စောသေးလို့၊ ပင်ပန်းလို့ဆိုတဲ့ စကားတွေ လူတိုင်း ပြောလာခဲ့ကြတာ၊ ခုလဲပြောနေကြတုန်းပဲ။ အဲဒီလို မအားတာ ၊အချိန်မရှိတာ ဆိုတဲ့အချိန်နဲ့ အဝိဇ္ဇာမောဟနဲ့ သေနေကြတာ နည်းသလား၊ မြင်နေကျပဲ မဟုတ်လား။ “အားပြီး သေကြတော့မယ်” လို့ ပြောပြီး သေသွားတာ မရှိကြဘူး။ မအားဘဲ သေသွားကြတာ။ဘာနဲ့ မအားကြသလဲ။ “လောဘ၊ ဒေါသ၊ မောဟ စိတ်”တွေနဲ့ မအားဘဲ သေကြတာ။ ပြီးတော့ ဘယ်သွားမလဲ စဉ်းစား။ ဒီတော့ အလုပ်ချိန်၊ အိပ်ချိန်၊ စားချိန်- လောကီအချိန်တွေထဲက လောကုတ္တရာ အချိန်ကို မရအရ သတ်မှတ်ပြီး အချိန်တိုင်း ကျင့်ကြံအားထုတ်သွားရင်း အချိန်ရဲ့ တန်ဖိုးကို နားလည်လာမယ်။ အချိန်တိုင်း နာရီစက္ကန့်တိုင်းဟာ စိန်စီထားတာထက် တန်ဖိုးရှိတာ တွေ့ရလိမ့်မယ်။ လောကီအလုပ်ဆိုတာ ရ၊ မရ မကျိန်းသေဘူး ။ အချိန်ကုန်လွန်းတယ်။ “ဓမ္မအလုပ်”က အချိန်တိုင်းမှာ စိန်စီထားတာ တွေ့ရမယ်။ -【သုံးဆယ်မြို့ ဓုတင်္ဂါစာရ ဓမ္မသုခဆရာတော်ကြီး ဘဒ္ဒန္တအရှင်ဉာဏ】
ไม่มีความคิดเห็น:
แสดงความคิดเห็น