วันจันทร์ที่ 19 พฤษภาคม พ.ศ. 2557

ချစ်ခြင်းမေတ္တာနှင်.ကျန်းမာရေး

ချစ်ခြင်းမေတ္တာနှင်.ကျန်းမာရေး လောကကြီးသာယာလှပဖို့အတွက်ချစ်ခြင်း မေတ္တာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်. . လူတိုင်း အချစ်နဲ့ မကင်းနိုင်ကြပါဘူး . . . တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အချစ်နဲ့ကြုံတွေ့ကြမှာပါ. . . အချစ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဘယ်လိုမှ ရှင်းပြလို့မရနိုင် လောက်အောင် နက်နဲကတဲ့ ခံစားမှုမျိုးပါ . . ချစ်ခြင်းမေတ္တာဟာ အန်မတန်ကိုမှ ဆန်းကြယ်လွန်းလှပါတယ် . . . ဆေးပညာရှုဒေါင့်က ကြည့်မယ်ဆိုရင် တော့ တစ်စုံ တစ်ယောက်အပေါ်မှာ ချစ်မေတ္တာယိုစိမ့်တဲ့ အခါ ချစ်တဲ့သူမှာရော အချစ်ခံရသူမှာပါ စိတ်ပျော်ရွှင်ကြည်နူးကြရုံမျှ မက ကိုယ်ကျန်းမာရေးရော ၊ စိတ်ကျန်းမာရေးအတွက်ပါ အန်မတန် အကျိုးပြုတာကို တွေ့ရပါတယ် . . . . ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ် ချစ်ခြင်းမေတ္တာ ဟာ လူသားတွေကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ တိုက်ဖက်ပေးပါတယ်. . . ဒါအပြင် တခြားကျန်းမာရေးအတွက် ကောင်းကျိုးများစွာလည်း ရှိပါတယ်. . . . ချစ်နေတဲ့သူနဲ့ အချစ်ခံရသူမှာ ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်. . . . ဒါပေမယ့် ချစ်တတ်ဖို့လည်း လိုတာပေါ့ နော်. . ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သ၀န်တိုမှု၊ မနာလိုမှု နဲက တခြားသော သောကအပူမီးတွေ ပါလာနိုင်ပါတယ်. . . ချစ်နေရရင်ပြီးရော ဆို ကာ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်. . . အချစ်က ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုရင်. . . အချစ်က နုပျိုစေနိုင်တယ် အချစ်က အသက်ရှည်စေနိုင်တယ် အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ် အချစ်က သွေးတိုးကာကွယ်ပေးတယ် အချစ်က နှလုံးအတွက် ကောင်းစေတယ် အချစ်က ကိုလက်စထရောပမာဏ လျှော့ချပေးတယ် အချစ်က နာကျင်မှုကို သက်သာစေနိုင်တယ်. အချစ်က ညဏ်ကောင်းစေတယ် အချစ်က စိတ်ဖိစီးမှု လျော့နည်းစေတယ် အချစ်က ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ကို ရစေနိုင်တယ်တဲ့ . . . . အဓိကကတော့ ဘာကာလာမှ မရော အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ . . . ပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလို ကိုယ်ချစ်နေတဲ့ သူစိတ်ချမ်းသာ ပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ် ပီတိစိတ်မွေးပါ. . . . မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီး လောကကြီးက နေပျော်လာပါလိမ့်မယ် . . . ကိုးကား နုမြတ် (ဆေး -၁) (အာရောဂျံ)

စိတ်ပျံ့လွင့်တာကို အတင်းထိန်းမထားပါနဲ့၊ ပျံ့လွင့်ရင် ပျံ့လွင့်မှန်း သိဖို့ပဲ။

စိတ်ပျံ့လွင့်တာကို အတင်းထိန်းမထားပါနဲ့၊ ပျံ့လွင့်ရင် ပျံ့လွင့်မှန်း သိဖို့ပဲ။ စိတ်မငြိမ်တာကို မငြိမ်မှန်းသိဖို့၊ စိတ်ပြေးရင် ပြေးမှန်း၊ တွေးရင် တွေးမှန်း၊ စိတ်ကူးရင် စိတ်ကူးမှန်း၊ ကြံရင် ကြံမှန်း သိနေရုံပဲ။ သိရင်တော်ပြီ... တည်ငြိမ်အောင် လုပ်တာမဟုတ်ဘူး တည်ငြိမ်လို့ ကောင်းလို့ သဘောကျနေရင်လည်း မဟုတ်သေးဘူး။ တည်တာကို ကောင်းတယ် ထင်ပြီးတော့လည်း မစွဲလမ်းရဘူး၊ ပျံ့လွင့်တာကို မကောင်းဘူး ထင်ပြီးတော့လည်း စိတ်မပျက်ရဘူး၊ သိနေဖို့ပဲ... ကောင်းကောင်း မကောင်းကောင်း တည်တာလည်းသိ၊ မတည်တာလည်း သိရမယ်။ ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး။ ■■■■■■■■■■■■■■■■■■■ ရောဂါ နဲ့ ဝေဒနာ •••••••••••••••• ရောဂါနဲ့ဝေဒနာကို ကွဲအောင်ကြည့်ပါ။ ကိုယ်ထဲမှာနာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ အဲဒါက ရောဂါ ။ အဲဒီ ကိုယ့်အနာရောဂါကို အကြောင်းပြုပြီးတော့ စိတ်ထဲမှာ မခံသာတာက ဝေဒနာ (ခံစားချက်)။ ဖောက်ပြန်နေတဲ့ရောဂါကိုချည်း သွားကြည့်နေရင် သိပ်အခံရခက်တယ်။ စိတ်ထဲမှာ မခံသာတဲ့ဝေဒနာ (ခံစားချက်)ကို ကြည့်ပေးပါ။ မခံသာတဲ့ဝေဒနာ သပ်သပ်၊ ရောဂါက သပ်သပ်။ မခံသာတဲ့စိတ်ကို ရှုကြည့်နေရင် ကိုယ်မှာ နာနေတာနဲ့ မဆိုင်တော့ဘူး။ သူများဖြစ်တာလေးကို ကြည့်နေရသလို၊ ဆရာဝန်က လူမမာကို ကြည့်ရသလို ကိုယ်ပါ ရောမနာတော့ဘူး။ ကိုယ်နာတာချည်း သွားကြည့်နေရင် ကိုယ်ရော စိတ်ပါ ရောနာသွားတယ်။ မခံနိုင်ဘူး ပြင်ချင်တယ် ပြောင်းချင်တယ် အဲဒီစိတ်ကလေးကို သိပေးပါ။ ပျေက်ချင်စိတ် ဖြစ်နေရင်လည်း အဲဒီစိတ်ကလေးကိုပဲ သတိထားကြည့် မကျေနပ်စိတ်ဖြစ်ရင်လည်း ကြည့်ပေး သိပေးပါ။ ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး။ ဆန်းတိုး ရိန်း ထံမှ ကူးယူသည်။

အဆိုအမိန်းများ

၁။လူ့ဘဝမှာ မကြုံကြိုက်သင့်ဆုံး အရာဟာ "နောင်တ"ပါ။ မလုပ်သင့်ဆုံး အရာဟာ "အမှား"ပါ။ မရှိသင့်ဆုံး အရာဟာ "မကောင်းမှု"ပါ။ ၂။"မရှိကို အရှိမလုပ်မိပါစေနဲ့။ အရည်အချင်းဆိုတာ ကိုယ့်မရှိဘဲနဲ့ သူများဆီက ငှါးထားလို့ မရပါဘူး။" ၃။"လောကကြီးမှာ ရိုးသားလို့ အထင်သေးခံရတယ် ဆိုတာ မရှိပါဘူး။ မရိုးသားလို့ အထင်သေးခံရတယ်ပဲ ရှိပါတယ်။" ၄။"စိတ်မထိန်းနိုင်လို့ ပြောမိတဲ့ စကားတစ်ခွန်းကြောင့် မိတ်ဆွေစစ်တွေ ဆုံးရှုံးရတာ၊ အခွင့်အရေးတွေ ဆုံးရှုံးရတာ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးရတာ အများကြီး ရှိပါတယ်။ ဒီလိုပဲ စိတ်ကို ထိန်းနိုင်လို့ အောင်မြင်မှု ရတာတွေလည်း အများကြီးပါဘဲ။ စိတ်ကို ထိန်းနိုင်တဲ့လူဟာ လောကဓံ တရားကို ဣနြေ္ဒရရ ရင်ဆိုင်နိုင်ပါတယ်။" ၅။"မပိုင်ဆိုင်ရသေးတာကို ပိုင်ဆိုင်ဖို့ ကြိုးစားနေချိန်မှာ ပိုင်ဆိုင်ပြီးသားတွေရဲ့ တန်ဖိုးကို မမေ့ဖို့ပါဘဲ။" ၆။"ကောင်းတဲ့ အလုပ်လုပ်တယ်ဆိုတာ အဖော်ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ လုပ်ရမှာဗျ။ သူများ လုပ်ခြင်း မလုပ်ခြင်းဟာ ကိုယ်နဲ့ မဆိုင်ဘူး။ ပြီးတော့ ကောင်းတဲ့ အလုပ်ကို သူများ မလုပ်တာနဲ့ ကိုယ်ပါ မလုပ်ဘူးဆိုရင် ကိုယ် အသိညဏ် နည်းတာပဲ။" ၇။"ပြိုင်ဘီး မဝယ်နိုင်လို့ မစီးနိုင်လို့ စက်ဘီးပြိုင်ပွဲ မဝင်နိုင်ရင် ကိုယ့်မှာ ခြေထောက် ပါတာပဲ။ အပြေးပြိုင်ပွဲ ဝင်လို့ရတယ်ကွ။ ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံလို့ အားငယ်စိတ်၊ သိမ်ငယ်စိတ် မရှိစေရဘူး။"

အနှိုင်းမဲ့ ဆွေမျိုး

လောကမှာ ရှိရှိသမျှ ဆွေမျိုးအားလုံးထဲမှာ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ဟာ အနှိုင်းမဲ့ဆွေမျိုး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ထက် ပိုပြီး ကိုယ့်အပေါ်သိတတ်၊ နားလည်တတ်ပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တစ်ခြားဆွေမျိုး မရှိတော့လို့ပါပဲ။ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်နဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့ တစ်ခြားဆွေမျိုး လောကမှာ မရှိတော့တဲ့အတွက် အကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်ဟာ အနှိုင်းမဲ့ဆွေမျိုး ဖြစ်ရပါတယ်။ ကိုယ့်အပေါ် သိတတ်တဲ့သူ၊ ကိုယ့်အပေါ် နားလည်တတ်တဲ့သူကို ဆွေမျိုးလို့ခေါ်ပါတယ်။ ကိုယ်ချမ်းသာ သုခ ပြည့်စုံနေတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ်၊ ကိုယ်ဆင်းရဲ ဒုက္ခတွေ့ကြုံနေတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ်၊ ဘယ်အခြေအနေမျိုးမှာမဆို ကိုယ့်အပေါ် သိတတ်၊ နားလည်တတ်မှာ ဆွေမျိုးလို့ ခေါ်ပါတယ်။ ကိုယ်ချမ်းသာနေချိန်မှာသာ ကိုယ့်အပေါ် သိတတ်ပြီး ကိုယ်ဆင်းရဲသွားချိန်မှာတော့ ကိုယ့်အပေါ်မသိတတ်ဘူး ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ဆွေမျိုး မဟုတ်ပါဘူး။ ကိုယ်ဆင်းရဲနေချိန်မှာသာ ကိုယ့်အပေါ် သိတတ်ပြီး ကိုယ်ချမ်းသာသွားချိန်မှာတော့ ကိုယ့်အပေါ် မသိတတ်ဘူးဆိုရင်လည်း အဲဒီပုဂ္ဂိုလ်ဟာ ဆွေမျိုး မဟုတ်ပါဘူး။ ကိုယ့်အပေါ် တကယ်သိတတ်တဲ့သူ၊ ကိုယ့်အပေါ် တကယ် နားလည်တတ်တဲ့သူဆိုတာ ကိုယ်ဆင်းရဲဒုက္ခ ရောက်နေချိန်မှာလည်း အတူဝေမျှခံစားပြီး အားပေးကူညီ ဖို့ လိုသလို၊ ကိုယ်ချမ်းသာသုခ ရနေချိန်မှာလည်း အတူဝေမျှခံစားပြီး ဝမ်းမြောက်စောင့်ရှောက်ဖို့ လိုပါတယ်။ ဆိုးကျိုးဖြစ်မယ့်ကိစ္စကို ကြိုတင်တားဆီး ပေးသင့်သလို မလွှဲမရှောင်သာ ဆိုးကျိုးဖြစ်လာရင်လည်း အပြစ်မတင်ဘဲ ကြင်နာယုယစွာ အားပေးနှစ်သိမ့်သင့်ပါတယ်။ ကောင်းကျိုးဖြစ်မယ့်ကိစ္စတွေကို ကြိုတင် လမ်းညွှန်ပေးသင့်သလို အကြောင်းညီညွတ်စွာ ကောင်းကျိုးဖြစ်လာရင်လည်း မနာလိုမဖြစ်ဘဲ လှိုက်လှဲနွေးထွေးစွာ ဝမ်းမြောက်ချီးကျူးသင့်ပါတယ်။ ကိုယ့်အပေါ် သိတတ်၊ နားလည်တတ်၊ ကောင်းကျိုးပြုတတ်တဲ့ဆွေမျိုးအားလုံးတွေထဲမှာ အကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်ဟာ အကောင်းဆုံး၊ အမြတ်ဆုံးဆွေမျိုး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ကသာ ကိုယ့်အပေါ် တကယ်သိနိုင်၊ နားလည်နိုင်၊ ကောင်းကျိုးပြုနိုင်လို့ပါပဲ။ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ် ဆိုတဲ့နေရာမှာ ကိုယ်ကလည်း အကျွမ်းဝင်၊ ကိုယ့်ကိုလည်း အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်မျိုးကို ဆိုလိုပါတယ်။ ကိုယ်ကသာ သူ့ကို အကျွမ်းဝင်ပြီး သူက ကိုယ့်ကို အကျွမ်းမဝင်ရင်၊ သူကသာ ကိုယ့်ကို အကျွမ်းဝင်ပြီး ကိုယ်က သူ့ကို အကျွမ်းမဝင်ရင်၊ အဲဒီလို တစ်စိတ် တစ်ပိုင်း အကျွမ်းဝင်ခြင်း၊ တစ်ဖက်သတ် အကျွမ်းဝင်ခြင်းဟာ ဆွေမျိုးကိစ္စကို မပြီးစီးစေနိုင်ပါဘူး။ အပြန်အလှန် အကျွမ်းဝင်မှသာ ဆွေမျိုးကိစ္စ ပြီးစီးနိုင်တာမို့ ကိုယ်ကျွမ်း၊ သူကျွမ်း၊ နှစ်ဖက်ကျွမ်းသူကိုသာ အကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။ အကျွမ်းဝင်တယ်ဆိုတာ တစ်ယောက်အပေါ် တစ်ယောက် မေတ္တာသံယောဇဉ်နဲ့ ချစ်ခင်တာကို ပြောတာပါ။ မေတ္တာနဲ့ သံယောဉ် အချိုးတကျ ပေါင်းစပ်ဖွဲ့စည်းထားမှ အကျွမ်းဝင်တယ်လို့ ခေါ်နိုင်ပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) အနှိုင်းမဲ့ဆွေမျိုး - မှ ကောက်နုတ်ရေးသားပါသည်

လူရဲ့ ခန္ဓာမှာ အတိုချုပ်ရင် (၂)မျိုးရှိတယ်။

လူရဲ့ ခန္ဓာမှာ အတိုချုပ်ရင် (၂)မျိုးရှိတယ်။ (၁) အသက်အားဖြင့် ကြီးခြင်း (၂) ကိုယ်ကျင့်သိက္ခာအားဖြင့် ကြီးခြင်း လို့ (၂)မျိုးရှိတယ်။ (၁) အသက်အားဖြင့်ကြီးခြင်းဆိုတာက တမင်ကြိုးစားရတာမှ မဟုတ်ပဲ ဇရာကြိုးက သူ့ဟာသူ ဆွဲသွားတာ။ အားအား မအားအား စိတ်ပါပါ မပါပါ အသက်မကြီးမှာတော့ မပူပါနဲ့လေ။ မအားလဲ အသက်ကတော့ကြီးမှာပဲ။ သို့သော် အသက်ကြီးရုံနဲ့တော့ ဆင်းရဲဒုက္ခ အပူတွေလည်း လျော့မှာမဟုတ်ဘူး။ ချမ်းသာတွေ ဆိုတာလဲ သူ့ဟာသူ ရောက်လာကြမှာ မဟုတ်ဘူး။ (၂) အကျင့်သိက္ခာတရားအားဖြင့် ကြီးခြင်းကျတော့ သူ့ဟာသူ ကြီးတာမှ မဟုတ်ပဲ။ တမင်ကို ကြိုးစားယူရတာ။ တမင်အားထုတ်ယူရတယ်။ တမင်ကြိုးစား အားထုတ်မှ အကျင့်သိက္ခာကောင်းမှု တရားကြီးတာ။ တရားမပါပဲနဲ့ အသက်ကြီးရုံသာ ကြီးသွားရင် အကုန်ကြောက်တယ်။ အားမစုံဘူး။ အသက်သာကြီးပြီး တရားမကြီးတဲ့သူ ကိုယ့်ဟာကိုယ်လည်း ကြောက်တာပဲ။ အသိမကြွယ်တော့ အကျင့်တွေ ကွယ်ပျောက်သွားတယ်။ အိုပယ်ကြီး ဖြစ်သွားတယ်။ အကျင့်သိက္ခာကြီးတဲ့ ပုဂ္ဂိုလ်ကျတော့ ကြီးလေလှလေ အသက်ကြီးလေ ပိုခန့်ငြားလာတယ်။ ပိုချစ်စရာကောင်းလာတယ်။ အကျင့်သိက္ခာမပါပဲနဲ့ တရားမပါပဲနဲ့ အသက်ကြီးရုံသာကြီးတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်သူမှ တန်ဖိုးမထား။ အကျင့်သိက္ခာ ကြီးလာတဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်သူမှ ချောင်လဲမထိုးရဲဘူး။ နောက်လဲ မပို့ရဲဘူး။ အကျင့်သိက္ခာ အရှိန်အဝါက အင်မတန် ကြီးမားတာပဲ။ တရားဆိုတာ လောကမှာ အကြီးမားဆုံးအင်အားပဲ။ ထည်ဝါသွားစေတယ်။ ခန့်ငြားသွားစေတယ်။ ကျက်သရေ ရှိသွားစေတယ်။ * တစ်နှစ်တစ်ခါ မွေးနေ့ပါ လူမှာခေါ်ရိုးရှိ။ * တကယ်ပြောင်းတာ ရုပ်နာမ်ပါ ခန္ဓာမမြဲသိ။ * ရုပ်နာမ်ဓမ္မ မမြဲကြ ခဏခဏ ပြောင်းနေ၏။ * သေမင်းမှတ်တိုင် နောက်တစ်တိုင် ရင်ဆိုင်ရောက်လာ၏။ * အသက်သိက္ခာ ကြီးစရာ လူမှာ နှစ်မျိုးရှိ။ * အသက်ကြီးရုံ အားမစုံ အကုန်ကြောက်ရ၏။ * အသိမကြွယ် အကျင့်ကွယ် အိုပယ်ဖြစ်သွား၏။ * အကျင့်သိက္ခာ ကြီးမှသာ မှန်စွာစိတ်အေး၏။ * ကြီးလေ လှလေ အေးမြပေ လူတွေချစ်ကြ၏။ တိပိဋက ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်ဘုရားကြီး ဆရာတော်ဘုရားကြီး၏ ပညာလမ်းပြ လူ့အလှမှ။

လူငယ်တို့၏ မှားယွင်းသော ဘာသာရေး လေ့လာမှု

လူငယ်တို့၏ မှားယွင်းသော ဘာသာရေး လေ့လာမှု ယနေ့ လူငယ်တွေဟာ ခေတ်ပညာ ပိုမို တတ်ကျွမ်း လာတဲ့ အလျောက် ဘာသာရေး လေ့လာ လိုက်စားမှု နည်းလာ ပါတယ်။ အထူးသဖြင့် ခေတ်သစ် သိပ္ပံ ပညာရပ်များကို လေ့လာမှု ပိုမို များပြားပြီး ဘာသာရေး ဟာ ခေတ်နောက်ပြန်စွဲ၊ စိတ်ဓာတ် နောက်ပြန်စွဲတဲ့ လုပ်ဆောင်ချက် တစ်ခုလို့တောင် ထင်မြင်လာကြ ပါတယ်။ ဒီတော့ ဘာသာရေး လုပ်တယ်ဆိုတာ အကြောက်တရားနဲ့ အသက်ရှင်သူများ လုပ်တယ်ဆိုပြီး ခံယူ ကြလို့ (Free Thinker) လို့ခေါ်တဲ့ ဘာသာမဲ့ များ ပေါ်ပေါက် လာပါတယ်။ လိုရင်းကို အဓိက မလေ့လာခြင်း ဒီတော့ ပြန်လည် သုံးသပ်ကြည့်တဲ့ အခါ မြန်မာပြည်မှာက လူငယ် အချို့လည်း ဒီတိုင်း ပါပဲ။ ဘာသာရေး အပေါ် အယုံအကြည် မဲ့လာ ပါတယ်။ မေးလာတဲ့ မေးခွန်း များကလည်း ကမ္ဘာကြီး ဘယ်က စဖြစ်တာလဲ။ နေ ဘယ်လိုပေါ်လာသလဲ။ ဘယ်ဘာသာက အစောဆုံး ပေါ်ပေါက် သလဲ။ ဘုရားပွင့် ခဲ့ကြောင်း၊ ဘုရား သခင် ရှိခဲ့ ကြောင်း ဘာနဲ့ သက်သေ ပြမလဲ။ ဘယ် ဘာသာနဲ့ ဟောကြား ခဲ့ သလဲ။ နောင်ဘဝ ဆိုတာ ဘာလဲ။ ရှေးဘဝ ဆိုတာ ဘာလဲ။ ငရဲ ဆိုတာ တကယ်ကော ရှိရဲ့လား အစရှိသဖြင့် များစွာသော မေးခွန်း များနဲ့ စတင်ကြ ပါတယ်။ ဒီတော့ ယင်း မေးခွန်း များအတွက် ရလဒ် အဖြေကို မကျေနပ် နိုင်ကြတာ ကြောင့် ဘာသာရေး လေ့လာ လိုက်စားဖို့ကို ရပ်တန့် လိုက်ကြ ပါတယ်။ ဒီတော့ ပြန်လည် သုံးသပ် ကြည့်လိုက်တဲ့ အခါမှာ ကွဲပြားမှု ရှိပါတယ်။ ကျနော်တို့ IT Networking ပညာ လေ့လာမယ် သို့တည်း မဟုတ် Programming ပညာ တစ်ခု စတင် လေ့လာမယ် ဆိုရင် Protocol တစ်ခု ပေါ်ပေါက် လာပုံ သမိုင်းကြောင်း၊ Language တစ်ခု ပေါ်ပေါက် လာပုံ သမိုင်းကြောင်း အစရှိသဖြင့် စတင် လေ့လာကြရ ပါတယ်။ ပိုပြီးတော့ အခြေခံ ကျတဲ့ အပေါင်း အနုတ် အမြောက် အစား အထိတောင် ပြန်လည် လေ့လာကြရ ပါတယ်။ တီထွင်သူ ပညာရှင်များရဲ့ သမိုင်းကိုပါ မြေလှန်ပြီးမှ ယင်း ပညာရပ်ကို စူးစူး စိုက်စိုက် လေ့လာ ကြပါ တော့တယ်။ ဒါဟာ မှန်ပါတယ်။ ဒါမှပဲ မိမိ သင်ယူနေတဲ့ ပညာရပ် အကြောင်းကို သေချာ သိမှာ မို့ပါ။ Motivation လည်း ဖြစ်ပါတယ်။ အခြားသော လုပ်ငန်းခွင်သုံး ပညာရပ်တွေ ကလည်း ဒီလိုပါပဲ။ သို့ပေမယ့် ဘာသာရေးနဲ့ ယှဉ်ထိုး နှိုင်းကြည့် လိုက်တဲ့ အခါမှာ မတူ ပါဘူး။ ဒီခေတ် လူငယ်တွေက ဘာသာရေး ကို အသက်မွေးဝမ်းကျောင်း ပညာ လေ့လာ သလိုပဲ သဘောထားမိကြ ပါတော့တယ်။ ဒီတော့ ဘာသာရေး တစ်ခုကို စတင် လေ့လာ လိုက်စားဖို့ အတွက် သမိုင်းတွေ စတင် မြေလှန် ပါတော့တယ်။ ဘယ်နှစ်ခုနှစ်က ဘယ်သူ ဘာပြောခဲ့လဲ။ ဘယ်မှာ မှတ်တမ်း တင်ထားလဲ။ သက်သေ အပြည့်အစုံပြ အစရှိသဖြင့် မေးခွန်း ထုတ်ကြ ပါတော့တယ်။ Seeing is Believing ဆိုတဲ့ နေရာမှာ အကောင်အထည် ဒြပ်ထုကို မြင်မှ Believe ဖြစ်မယ် ဆိုတဲ့ အယူအဆ ကိန်းအောင်း သွားခြင်းပါ။ တစ်ခါတစ်ရံ အကောင်အထည် မြင်ပေမယ့် မှားနေ တာတွေ ကိုတော့ သတိမထား မိလိုက်ကြ ပါဘူး။ ဥပမာ ပေးရရင် ပင်လယ်ထဲ ခရီးသွားမယ့် လူတစ်ယောက် အနေနဲ့ သူ မဖြစ်မနေ လေ့လာ ရမှာက ရေကူး သင်နည်း ဖြစ်ပါတယ်။ ရေမှ မကူးတတ်ရင် ပင်လယ်ထဲမှာ နှစ်ပါတယ်။ ဒီတော့ ရေကူးနည်းကို စာဖတ် သူတို့လည်း စတင် လေ့လာမိမှာပါ။ ရေကူးနည်း ဘယ်သူ အရင် စထွင်ခဲ့တယ်တို့၊ မိုက်ကယ်စကိုးဖီး သမိုင်း ကြောင်းတို့၊ ရေကူးနည်း ပေါင်း စုံ တို့၊ အရှေ့တောင် အာရှ ရေကူးမှာ ဘယ်သူ အတော်ဆုံး လဲ တို့ အစရှိသဖြင့် တို့ကို စတင် လေ့လာ မိပါ သလား၊ မိမိ ကူးတတ်ဖို့ကိုပဲ အဓိက ထားလို့ ရေကူးနည်း အရင် လေ့လာ ရပါ သလား။ ဘဝဟာလည်း ဒီလိုပါပဲ။ သမိုင်းကို ဦးစားပေးလို့ အရင် မြေလှန်လေ့လာ ရမယ့် ဘာသာရပ် ထဲမှာ ဘာသာရေး မပါ ပါဘူး။ ဘာသာရေးဟာ တတ်မြောက်ကျွမ်းကျင်မှု အပေါ်မှာ အခြေခံပြီးမှ သမိုင်း ဘက်ကို ဆက်သွား ရခြင်း ဖြစ်ပါတယ်။ ဥပမာ ဘုရားဟောကြား တရားတော် များကို အခြေအနေ တစ်ခု အထိ လေ့လာ ပြီးပြီ နားလည် တတ်မြောက် သွားပြီ ဆိုရင် သမိုင်းကြောင်းကို လေ့လာ နိုင်ပါပြီ။ အဲ့ဒီ အချိန်မှာ သံသယတွေ မရှိတော့ ပါဘူး။ ယခု ကျတော့ ဖြစ်နေတာက သမိုင်းကို အရင်လေ့လာ နေကြတော့ ဟိုဟာလည်း ငါ မယုံ၊ ဒီဟာလည်း ငါမယုံနဲ့ ခရီးတွေ ဝေးသထက် ဝေးသွား ပါတယ်။ ဒီတော့ လေ့လာမှု အဆင့်ဆင့် သွားပုံကို သေချာ မှန်ကန်ဖို့ လိုအပ် ပါတယ်။ ဘုရား ဟောခဲ့သလိုပဲ ပြန်မျှဝေရမယ် ဆိုရင် မြားဆိပ် ထိမှန်နေတဲ့ လူတစ်ယောက်ဟာ မြား ဘယ်ကလာတယ်။ ဘယ်သူ ပြစ်တဲ့ မြားဖြစ်တယ်။ ဘယ်လို အဆိပ် အမျိုးအစား အသုံးပြုထားတယ် အစရှိသဖြင့် တို့ကို လေ့လာ နေရမှာ မဟုတ်ပဲ ထိမှန် နေတဲ့ မြားကို အရင်ဆုံး ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။ အသက်ကြီးမှ လေ့လာရန် လိုအပ်သည်ဟု မှားယွင်းစွာ ခံယူခြင်း လူငယ်တွေဟာ ဘာသာရေး ဟာ အသက်ကြီးမှ အနီးကပ် လေ့လာရမယ့် ပညာရပ် တစ်ခုလို့ သဘောထား နေကြ ပါတယ်။ အမှန်တာ့ လောက အမှန်တရား ဆိုတာ စောစောစီးစီး သိနိုင်လေလေ ကောင်းလေလေ ဆိုတာကို သူတို့ သိမထားကြ ပါဘူး။ သိထားလဲ အခြားသော မကောင်းတဲ့ စိတ်များရဲ့ ခေါ်ဆောင်ရာ ကိုသာ လိုက်နေကြ ပါတော့တယ်။ ဘာသာရေး ဆိုတာ တောထွက်မှ၊ ဘုန်းကြီးဝတ်မှ လေ့လာရမယ်လို့လဲ ဆို မထား ပါဘူး။ လောကနီတိ တရားအရ လောကုတ္တရာ နဲ့ လောကီဟာ အပြန်အလှန် အမှီသဟဲ ပြု ပါတယ်။ လောကုတ္တရာ ဘောင်များ ရဟန်းများပဲ ရှိနေလို့လဲ ကမ္ဘာကြီး ဖြစ်မလာ နိုင်သလို၊ လောကီ လူသားတွေပဲ ရှိနေ ရင်လည်း ကမ္ဘာကြီး ကြိမ်းသေ ပျက်သွား နိုင်ပါတယ်။ ယင်း အဖွဲ့အစည်း နှစ်ခုက အပြန်အလှန် အမှီ သဟဲ မပြုပဲ သီးခြားစီ ရပ်တည်နေရင်လည်း ကမ္ဘာကြီး ပျက်သွား နိုင်ပါတယ်။ လူသားတို့ရဲ့ မကောင်းတဲ့ စိတ်များ၊ စေတသိတ် များကို ထိန်းချုပ်ထားပေးတာက ယင်း ဘာသာရေး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘာသာရေးဟာ အသက်အရွယ် မရွေး ကြီးကြီး ငယ်ငယ် လေ့လာ ကျင့်သုံး ထားရမယ့် ပညာရပ် တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရိုးရာလေး စာဖတ်သူ အားလုံး ဘာသာရေး လေ့လာမှု အမြင်နဲ့ ပက်သက်လို့ သေချာ သိရှိလို့ လေ့လာ နိုင်မယ်လို့ မျော်လင့် ပါတယ်။ . အောင်ခမ်း (ရိုးရာလေး)

ဒသနစုများ

လူတစ်ယောက်ကို

အထင်သေး ရှံ့ချတတ်ခြင်းကသင့်အားနည်းချက်ဖြစ်ပြီး
ခွင့်လွှတ်သည်းခံတတ်ခြင်းက သင့်အားသာချက်ဖြစ်တယ်

ခက်ထန်ကြမ်းတမ်းစွာ ဆက်ဆံတတ်ခြင်းက သင့်အားနည်းချက်ဖြစ်ပြီး
နူးညံ့သိမ်မွေ့စွာ ဆက်ဆံတတ်ခြင်းက သင့်အားသာချက်ဖြစ်တယ်

အကောင်းတွေချည်းမျှော်လင့်တတ်တာ သင့်အားနည်းချက်ဖြစ်ပြီး
အဆိုးတွေကိုပါ လက်ခံနိုင်တာ သင့်အားသာချက်ဖြစ်တယ်

အပြစ်တွေကို ချည်းရှာဖွေတတ်တာ သင့်အားနည်းချက်ဖြစ်ပြီး
အမှားတွေကို ကူညီပြင်ဆင်ပေးခြင်းကသာ သင့်အားသာချက်ဖြစ်တယ်
♥♥♥♥♥♥♥♥♥

ပညာ၏ အမြစ်များသည် ခါးသည်း၏ ...သို့သော်..အသီးကား ချိုမြိန် လှသည်။ ( အာရစွ့်တိုတယ် ) # ဆုပ်ထားသော လက်သီးဖြင့် လက်ဆွှဲနုတ်ဆက်ရ်ျ မရနိုင်ပါ။ ( အင်ဒီရာ ဂနွီ ) # အဆိုးမြင်ဝါဒီ သမားများသည် အခွင့်အရေးတိုင်းမှာ အခက်အခဲကို မြင်ရ်ျ ... အကောင်းမြင်ဝါဒီ သမားများသည် အခက်အခဲတိုင်းမှာ အခွင့်အရေးကို မြင်၏ ။ ( ချာချီ ) # ခနွှာကိုယ်၏ အဓိကလုပ်ငန်းမှာ ဦးနှောက်ကို သွားချင်ရာသို့ သယ်ဆောင်သွားပေးခြင်းပင် ဖြစ်သည်။ ( အယ်ဒီဆင် ) # အမြင့်ဆုံးရောက်ပြီးရင် ပြန်ကျရတာ ဓမွှတာပါ... မကျချင်ရင် ကြိုတင်ပြင်ဆင်ရ...မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်ရ... ကြိုးစားမှုကို နှစ်ဆတင်ရတာလည်း ဓမွှတာပါ ။ ( ဖာဂှုဆန် ) # ငွေသည် သင့်အား ချမ်းသာ သုခ ကို အပြည့်ဝ မပေးနှိုင် ...သို့သော်... အာရုံကြောများကိုကား ငြိမ်သက်စေနှိုင်သည် ။ ( ရှောင်အိုကာဆေး ) # စိုးရိမ် သောက ဟှုသည် နောင်ကြုံတွေ့နေရမည့် ဒုကွှ အတွက် ... အတိုးများ ကြိုတင်ပေးဆပ် နေရခြင်းပင် ဖြစ်သည် ။ ( W.R.အင်ဂေး ) # မည်မျှ ဆင်းရဲပင်ပန်းသော အလုပ် ဖြစ်ပါစေ ...တနေ့တာတော့ ... လှုတိုင်း လုပ်နိုင် သည် ။ ( လှုးဝစ် စတီဗင်ဆန် ) # များသောအားဖြင့် လှုတွေက ... ကိုယ်ကသှုတပါးကို ချစ်ဖို့ထက် ... သှုတပါးချစ်တာခံရဖို့ ပိုအရေးကြီးနေတယ် ... အဲ့ဒီလို အချစ်ခံရဖို့ ကြိုးစားလေ လေ အချစ်မခံရလေ လေပဲ ။ ( ဆရာတော် ဦးဇောတိက ) # ဒေါသ သည် ရှုးသွပ်မိုက်မဲမှု့ နှင့် အခြေခံရ်ျ ... နောင်တ သံဝေဂဖြင့် နိဂုံးချုပ်ရမြဲ ဖြစ်၏ ။ ( ပိုက်သာ ဂိုးရပ်စ် ) # ဘ၀ တန်ဖိုး အစစ်အမှန် ဆိုတာဟာ လောကကြီးထဲက ဘာများရနှိင်မှာလဲဟု ရှာဖွေရတာမဟုတ်ဘူး ... လောကကြီး အတွက်ဘာများလုပ်ပေး နှိင်မှာလဲလို့ ရှာဖွေရတာ ဖြစ်တယ် ။ ( သောမတ်အယ်ဒီဆင် ) # ရေနွေးဟာ ကျိုက်ကျိုက်ဆူနေပေမယ့် မီးခဲအပူကိုတော့ ငြိမ်းစေနှိင်တယ် ... ရွှံ့ ညွန်ရေဟာ နောက်ကျူနေပေမယ့် မစင်အညစ် အကြေးကိုတော့ ဆေးကြောနှိင်တယ် သစ်သီးဟာ အနာအဆာရှိတယ်ဆိုဦးတော့ ဆာလောင်ခြင်း အာသာကိုတော့ ပြေစေနှိင်တယ်..

လက်ထပ်ခြင်း

▼ လက်ထပ်ခြင်း လက်ထပ်ခြင်း သည် လူမှုရေး၊ ဘာသာရေး၊ အယူစွဲမှု သို့မဟုတ် တရားဥပဒေ အတိုင်း လူပုဂ္ဂိုလ်များ ပေါင်းစပ်ခြင်းဖြစ်သည်။ ၄င်းပေါင်းစပ်မှုကို ထိမ်းမြားခြင်း ဟုလည်းခေါ်ပြီး အစပိုင်းကို မင်္ဂလာဆောင်ပွဲ များဖြင့် အသိအမှတ်ပြုလေ့ရှိသည်။ လက်ထပ်ထားသူကို အိမ်ထောင်ကျပြီးသူ ဟု လူမှုရေး အဆင့်တစ်ရပ် တိုးမြှင့်သည်။ လက်ထပ်ခြင်းသည် လူပုဂ္ဂိုလ် ဆက်ဆံမှု ပေါင်းစည်းခြင်းဖြစ်ပြီး အစိုးရ သို့ ဘာသာရေး မှ အသိအမှတ်ပြုကာ အများအားဖြင့် အနေနီးစပ်ပြီး လိင်ဆက်ဆံခြင်း ပြုနိုင်သည်။ လက်ထပ်ခြင်း ယဉ်ကျေးမှုသည် လက်ထပ်ခြင်း ဥပဒေအရ အစိုးရ အဖွဲ့အစည်းများမှ တရားဝင်ဖြစ်သည်။ ထိုသူတို့၏ ဘာသာရေးအရ သို့မဟုတ် ယေဘုယျအားဖြင့် လူမှုရေး အရ လက်ထပ်ခြင်းကို အစိုးရမှ အသိအမှတ်ပြုလျှင် ထိုသူတို့၏ လူမှုရေး အဆင့်အတန်း မှာ တိုးမြှင့်သွားသည်။ လူတို့သည် အကြောင်းကြောင်းများကြောင့် လက်ထပ်ကြသော်လည်း များသောအားဖြင့် တရားဝင်ရန်၊ လူမှုရေး ဂုဏ်၊ မိသားစု တည်ထောင်ခြင်းကြောင့် စီးပွားရေး တည်ငြမ်းမှု၊ သားမွေးခြင်း၊ တရားဝင် လိင်ဆက်ဆံလိုခြင်း၊ အချစ်ကို လူပုံအလည် ချပြလိုခြင်း နှင့် နိုင်ငံသား ရယူလိုခြင်း စသည့် အကြောင်းများကြောင့်ဖြစ်သည်။ လက်ထပ်ခြင်း သည် ပုံစံများ စွာ ရှိသည်။ ဥပမာ ယောင်္ကျား တစ်ယောက် နှင့် မိန်းမ တစ်ယောက်တို့ ပေါင်းစည်းသော လိင်ကွဲ တစ်လင်တစ်မယား လက်ထပ်ခြင်း၊ တစ်ယောက်သောသူက အိမ်ထောင်ဖက် တစ်ယောက် ထက်ပို၍ အိမ်ထောင်ပို (polygamy) လက်ထပ်ခြင်း နှင့် လိင်တူ လက်ထပ်ခြင်း တို့ဟု၍ ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၆ တွင် အရွယ်ရောက် ပြီးသော ယောင်္ကျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။ ဟု ဆိုသည်။ အိမ်ထောင်ဖက် ရွေးချယ်ခြင်း အိမ်ထောင်ဖက် ရွေးချယ်ခြင်းတွင် အတွဲသည် ပိုးပမ်းမှု သို့မဟုတ် အတွဲ၏ မိဘများ သို့ တာဝန်ရှိသူများ က ပေးစားခြင်း တို့ ပါဝင်သည်။ ထုံးစံအားဖြင့် ပေးစားခြင်း ပင်လျှင် အတွဲကိုယ်၌က နောက်ဆုံး ဆုံးဖြတ်ကြသော်လည်း မိဘများသည် မိရိုးဖလာကြောင့်ဖြစ်စေ တစ်ခါတစ်ရံ အထူးအကြောင်း အချက် (ဥပမာ အတင်အသ ကောင်း၍) တို့ကြောင့်ဖြစ်စေ မိဘများက ဇွတ်ပေးစားတတ်ကြသည်။ တစ်ခါတစ်ရံ မိဘပေးစားခြင်းသည် အလွန် လူသက်သာသောကြောင့် မိဘစကား နားမထောင်ချင်စေကာမူ ပေးစားခြင်းကို လိုလိုလားလား လက်ခံကြသည်။ ဇွတ်ပေးစားခြင်း သည် အနည်းငယ်သော လူအဖွဲ့အစည်းများတွင်သာ တွေ့ရတတ်ပြီး ပေးစားခြင်း ကိုလက်ခံသောသူကပင် ဇွတ်ပေးစားခြင်း ကိုပြစ်တင် ဝေဖန်သည်။ လက်ထပ်ခြင်း အခမ်းအနား လက်ထပ်ခြင်းသည် အများအားဖြင့် မင်္ဂလာဆောင်ပွဲ သို့မဟုတ် လက်ထပ်ခြင်း အခန်းအနား ဖြင့် အရေးတယူ ပြုကြသည်။ အခမ်းအနားကို ဘာသာရေး ဆရာများကဖြစ်စေ အစိုးရ အသိအမှတ်ပြု ပုဂ္ဂိုလ်ကဖြစ်စေ၊ ဒေသ အသိအမှတ်ပြု ပွဲဆရာ ကဖြစ်စေ ဘောင်ဝင်အောင် ကျင်းပသည်။ ဥရောပ နှင့် လက်တင် အမေရိက နိုင်ငံများတွင် မည်သည့် ဘာသာရေး ပွဲမဆို လူမှုရေးပွဲ နှင့် ခွဲခြား၍ ကျင်းပရမည်ဟု ဆိုသည်။ အချို့နိုင်ငံများတွင် - ဥပမာ ဘယ်လ်ဂျီရမ်၊ ဘူလဂေယီးယာ၊ နယ်သာလန် နှင့် တူရကီ - တို့တွင် ဘာသာရေး ပွဲများကို လူမှုရေးပွဲ ကျင်ပပြီးမှသာ ကျင်းပခွင့်ရှိသည်။ မြန်မာ့ ဓလေ့ အာဝါဟ၊ ၀ိဝါဟ အာဝါဟ၊ ၀ိဝါဟ ဆိုသည်မှာ မင်္ဂလာအခမ်းအနား ကျင်းပရာ နေရာကို လိုက်ပြီး ခေါ်ဝေါ်တာဖြစ်သည်။ အာဝါဟ - ယောက်ျားလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း၊ ၀ိဝါဟ - မိန်းကလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း လို့အဓိပ္ပါယ်ရသည်။ စုလျှားရစ်ပတ် စုလျှားရစ်ပတ် လက်ထပ်ထိမ်းမြားခြင်း ဆိုသော စကားလုံးမှာ စုလျှား ပုဝါနဲ့ရစ်ပတ် ထိမ်းမြားခြင်း၊ သတို့သမီးသတို့သား ညာလက်နှစ်ဖက်ကို ထပ်ပြီး လက်ထပ်ထိမ်းခြားခြင်းကို ပေါင်းစပ်ပြီးတော့ ခေါ်တာဖြစ်သည်။ ပန်းကုံးစွပ်ခြင်း၊ မင်္ဂလာလက်စွပ်လဲခြင်းများသည် မြန်မာမှု ထိမ်းမြားခြင်းပုံစံကို ခေတ်မှီအောင်ဖြည့်စွက်ထားသော သဘောရှိပါသည်။ ပန်းကုံးစွပ်ခြင်းမှာ မြန်မာ့ယဉ်ကျေးမှု ဆိုသည်ထက် အိန္ဒိယဆန်သော ယဉ်ကျေးမှုဟု သတ်မှတ်လိုက သတ်မှတ်နိုင်ပေသည်။ မင်္ဂလာလက်ထပ်စာချုပ် ခုခေတ်တွင် မင်္ဂလာဧည့်ခံပွဲ အခမ်းအနားမပြုလုပ်ခင် ကြိုတင်ပြီး နှစ်ဦးသဘောတူ မင်္ဂလာလက်ထပ်စာချုပ် ချုပ်ဆိုထားတတ်ကြသည်။ ထို့ကြောင့် ဥပဒေအရ တရားဝင် လင်ခန်းမယားခန်းမြောက်နေပေသည်။ မင်္ဂလာမောင်နှံလောင်း လက်မှတ်ထိုးထားတဲ့ စာချုပ်ကို မော်ကွန်းမှတ်တမ်း တင်ပေးထားတတ်ကြသည်။ မော်ကွန်းတင်နိုင်သော တရားရေးဆိုင်ရာ ပုဂ္ဂိုလ်များမှာ- ဒုတိယမြို့နယ်တရားသူကြီး နှင့်အထက်တရားသူကြီးများ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိနှင့်အထက် ဥပဒေအရာရှိကြီးများ၊ ရှေ့နေချုပ်ရုံး ဒုတိယ ဦးစီးမှုးနှင့် အထက်အရာရှိကြီးများ ဖြစ်သည်။ လက်ထပ်စာချုပ်ပါ လိုအပ်ချက်များ သတိုးသား၏ အသက် သတိုးသမီး၏ အသက် လွတ်လပ်သော သဘောတူညီချက် နှစ်ဦးစလုံးသည် စိတ်ပေါ့သွပ်သူများမဖြစ်စေရ။ သတိုးသမီးမှာ မပြတ်ဆဲသော တရားဝင်လင်ယောင်္ကျားမရှိစေရ။ ပေါင်းသင်းစပ်ယှက်မှု ရှိရန်မလို။ အသက် လက်ထပ်ထိမ်းမြားရာတွင် သတို့သား၏ အသက်ကို အတိအကျ ကန့်သတ်ထားတာ မရှိပါ။ ကျန်းမားရေးအရ အရွယ်ရောက်ပြည့်စုံလျှင် မိဘသဘောတူညီချက်မလိုပဲ လက်ထပ်ထိမ်းမြားခွင့် ရှိသည်။ သတို့သမီးအတွက်တွင်မူ ကန့်သတ်ချက်ရှိသည်။ အသက် ၁၅ နှစ်ထက် မငယ်ရပါ။ သတို့သမီး ၁၅ နှစ်နဲ့ ၂၀ နှစ်ကြားမှာ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရှိမှ၊ လက်ထပ်ထိမ်းမြားမှု အထမြောက်သည်။ မိဘကန့်ကွက်ရင် မရပါ။ တချို့က ၁၈ နှစ်ပြည့်ပြီးတာနှင့် မိဘခွင့်ပြုချက်မလိုတော့ဘူးလို့ ထင်ကြပါသည်၊ ဥပဒေကြောင်းအရ အသက် ၂၀ ပြည့်မှ မလိုအပ်ခြင်း ဖြစ်သည်။ (တစ်ခုလပ်တစ်လင်ကွာနှင့် မုဆိုးမများမှလွဲလျင် အသက် (၂၀) မပြည့်သေးသော မိန်းကလေးတစ်ယောက်ဖြစ်ပါမူ မိဘအုပ်ထိန်းသူ၏ သဘောတူညီချက် ရယူရပေမည်။ မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ကို မရလျှင် ၏ထိမ်းမြား ခြင်းမမြောက်။ သို့သော် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ကို နောက်မှရရှိလျှင် ရရှိသည့်နေ့ရက်မှစ၍ ထိမ်းမြားခြင်းမြောက်သည်။)  မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက် ထိမ်းမြား လက်ထပ်ခြင်း တမျိုးမျိုးပြုလုပ်ခြင်း၊ ဧည့်ခံအခမ်းအနားပြုလုပ်ခြင်းကို လူမှုရေးအရ ပြုလုပ်တယ်လို့ပဲ သဘောထားပါသည်။ လင်မယားအရာမြောက်ဖို့ တရားဝင်မလိုအပ်ပါ။ စာချုပ်ချုပ်ဆိုခြင်း၊ ထိမ်းမြားခြင်း အခမ်းအနား မပြုလုပ်ဘူးဆိုလျှင် တရားဝင်လင်မယားဖြစ်ကြောင်း သက်သေပြနိုင်ရမယ်လို့ ဆိုပါသည်။ တောနယ်များနှင့် ရှေးလူကြီးများအတွက် လက်ထပ်စာချုပ် လုပ်လေ့လုပ်ထမရှိပါ။ ခေတ်မီလူငယ်တွေအတွက် လက်ထပ်စာချုပ် ချုပ်ဆိုမှုသည် အလွယ်အကူဆုံးနှင့် အသေချာဆုံးသည်။ တရားဝင်လင်မယား ထင်ရှားစေရန် သက်သေခံချက်များ ယောက်ျားကဖြစ်စေ၊ မိန်းမကဖြစ်စေ ၂ဦးစလုံးက ဖြစ်စေ ၎င်းတို့သည် လင်မယားဟု ဖွင့်ဟပြောဆိုဖူးသလား။ ၎င်းတို့အတူနေသလား။ တစ်ဦးနှင့်တစ်ဦးသော်၎င်း၊ အခြားသူများနှင့်သော်၎င်း၊ သာမန်လင်မယားတို့ကဲ့သို့ ပြုမူဆက်ဆံသလား။ ၎င်းတို့သည် ဆွေမျိုးများ၊ မိတ်ဆွေများထံသို့ အတူတကွသွားလာ လည်ပတ်သလား။ ၎င်းတို့သည် ဇရပ်၊ ကျောင်းကန် ဘုရားများသို့ အတူတကွသွားလား၊ အလှူဒါန အတူပြုသလား။ ယောက်ျားအား၎င်း၊ မိန်းမအား၎င်း တစ်ဖက်မှဆွေမျိုးများက မည်ကဲ့သို့ ဆက်ဆံသနည်း။ မိန်းမနှင့် ၎င်း၏မိဘများ အဆင့်အတန်း အကျင့်စာရိတ္တ။ ၎င်းတို့၏ ဆက်ဆံပုံမှာ တရားဥပဒေနှင့် ဆန့်ကျင်ပြီး တိတ်တိတ်ပုန်း ဆက်ဆံသည်ဟု မိတ်ဆွေများ၊ ဆွေမျိုးများက ထင်မှတ်စရာ အကြောင်းရှိပါသလား။ ပစ္စည်းခန်းတွင် နှစ်ဦးပူးတွဲ ဆက်ဆံသလား။ တစ်ယောက်သေဆုံးပြီး အသုဘကိစ္စ၌ ကျန်တစ်ယောက်၏ အပြုအမူ (ဥပမာ၊ သတင်းစာများတွင် ကြေငြာခြင်း၊ အသုဘကိစ္စ၌ အပြုအမူများ)။ အထက်ပါအချက်များနှင့် အခြားပတ်ဝန်းကျင် အခြေအနေများ (အားလုံး မလိုသော်လည်း) ကို ထောက်ထား၍၊ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်သည် လင်မယားဖြစ်သည် မဖြစ်သည်ကို ဆိုသည့်ပြဿနာကို ဆုံးဖြတ်ရပေမည်။