วันจันทร์ที่ 19 พฤษภาคม พ.ศ. 2557

စိတ်​ငြိမ်းချမ်းတဲ့သူဟာ သ​ဘောထားကြီးတယ်

စိတ်ငြိမ်းချမ်းတဲ့သူဟာ သဘောထားကြီးတယ် စိတ်ငြိမ်းချမ်းသွားတဲ့သူဟာ “စဉ်းစားပုံ” ၊ “တွေးခေါ်ပုံ”အရင်ကနဲ့ မတူတော့ဘူး။ တန်ဖိုးထားတာတွေ မတူတော့ဘူး။ အရင်တုန်းက ပစ္စည်းဥစ္စာ၊ အပျော်အပါး၊ ကြော်ကြားမှု၊ ဂုဏ်ပကာသနကို သိပ်မက်တဲ့လူဟာ စိတ်တကယ် ငြိမ်းချမ်းသွားတဲ့ အခါမှာ အဲဒါတွေဟာ “သိပ်ကလေးဆန်တယ်”ဆိုတာ သိလာတယ်။ အဲဒါတွေဟာ “အပေါ်ယံ” ပဲ ဆိုတာကိုလည်း သိတယ်။ အယူအဆမတူတာ ရှိလာပြီဆိုရင် “မျှမျှတတ” ကြည့်တတ်လာတယ်။ ကိုယ့်ဘက်ကော သူ့ဘက်ကော ထောင့်စေ့အောင် ကြည့်ဖို့ “သဘောထားကြီးကြီး” ထားတတ်လာတယ်။ ကိုယ်လိုသလို တစ်ဖက်သတ် အဓိပ္ပာယ်မကောက်ဘူး။ တကိုယ်ကောင်းမဆန်ဘူး။ တစ်ဖက်သတ် အနိုင်မယူဘူး။ တစ်ခုခုကြုံကြိုက်လာရင် ချက်ချင်းပြန်ပြီးတော့ မတုန့်ပြန်ဘူး။ သူ့မှာ သတိရှိတယ်။ဉာဏ်ရှိတယ်။ ချင့်ချိန်နိုင်တယ်။ သတိမပါ၊ဉာဏ်မပါနဲ့ မြင်တိုင်း၊ကြားတိုင်း တုန့်ပြန်နေမယ်ဆိုရင်တော့ “လွတ်လပ်တဲ့သူ” မဟုတ်ဘူး။ -【ဆရာတော် ဦးဇောတိက】

ไม่มีความคิดเห็น:

แสดงความคิดเห็น