วันจันทร์ที่ 19 พฤษภาคม พ.ศ. 2557

လူဘဝ၏အောင်မြင်ခြင်းသို့ သွားရာ လှေကားထစ်များ

လူဘဝ၏အောင်မြင်ခြင်းသို့ သွားရာ လှေကားထစ်များ 1. ကတိအပေးနည်းပါစေ။ 2. အမှန်ကို အမြဲပြောပါ။ 3. မိတ်ကောင်းဆွေကောင်းထားရှိပါ။ 4. သူတစ်ပါးမကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။ 5. မိမိဝင်ငွေနှင့် လောက်ငှအောင်သုံးစွဲပါ။ 6. မိမိ၏ဘယ်လုပ်ငန်းတွင် မဆိုကျွမ်းကျင်မှုရှိပါစေ။ 7. မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။ 8. သဒ္ဓါမရောက်မီ တရားမျှတမှုရှိပါစေ။ 9. လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။ 10. လျှို့ ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။ 11. အကျင့်စာရိတ္တကောင်းမွန်ခြင်းသည်သာ ဘဝ၏အောင်မြင်တိုးတက် ခြင်းကို ဖြစ်စေသည်။ 12. တက်နိုင်ပါကချေးငှားမှုအား ဘယ်သောအခါမှ မပြုနှင့်။ 13. သင့်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ် မှာမူတည်ပါလိမ့်မယ်။ 14. ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ် သင့်ပေ။ 15. သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူမျက်နှာကို ကြည့်၍ပြောပါ။ 16. မယားတစ်ယောက်ကို လုပ်ကျွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။ 17. ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်ကချွေးတာစုဆောင်ရာ၏။ 18. အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။ 19. သူတစ်ပါးအာဒ ကူညီရာတွင် ကဲ့ရဲ့ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။ 20. ကောင်းသောစိတ်ထားခြင်း၊ ကောင်းသောစကားဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။ 21. မှန်မှန်ကန်ကန်နှင့် ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန် အောင်မြင်ခြင်းဖြစ်၏။ 22. ညအိပ်ယာဝင်သည့် အခါတစ်နေတာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည် နောက်နေ့ လုပ်ဆောင်ရမည့် အလုပ်အတွက်တိကျမှုကိုဖြစ်စေ၏။ 23. သင့်အပြုအမူ ဆောင်ရွက်ချက်မှလွဲ၍ သင့်အကျင့်စာရိတ္တကို ထိခိုက်စေမည့် အကြောင်းမရှိနိုင်။ 24. အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ်သုံးသပ်ပြီးမှ အကောင်အထည်ဖေါ် ရာ၏။ 25. အလုပ်နှင့်ဘယ်အခါမှ ကင်းကွာမှုမဖြစ်စေပဲ လက်များကို အကျိုးရှိစွာ အသုံးချပါ။ 26. ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။ 27. အကျင့်စရိုက် ကြမ်းတမ်းသူများနှင့် အတူတကွမနေသင့်။ 28. သြဇာအာဏာရှိ သော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများ နှင့်ဝေးဝေးနေသင့်၏။ 29. သူတော်မဟုတ် သူယုတ်တိုနှင့် ကင်းကင်းနေက ကိုယ့်စိတ်နှစ်ဖြာ ချမ်းသာရ၏။ 30. ကိုယ့်အကျိုး သူ့ အကျိုးမျှမျှတတ ဆောင်ရွက်ငြားက မိတ်ကောင်းသဟာ ပေါကြွယ်ပါ၏။

ไม่มีความคิดเห็น:

แสดงความคิดเห็น