วันจันทร์ที่ 19 พฤษภาคม พ.ศ. 2557

“ပြိုင်ပွဲတစ်ခု၏ ရှိသင့်သော ဒသန

“ပြိုင်ပွဲတစ်ခု၏ ရှိသင့်သော ဒသန” ခြေလှမ်းတွေ အပြင်းအထန် ကစုန်ဆိုင်းနေတဲ့အချိန် ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်လို့ သဘောမထားဘဲ ပြိုင်ပွဲတစ်ခုရဲ့ ရနံ့များ အရသာရှိရှိနမ်းရှိုက်ဖို့ရာ ကိုယ့်ပြိုင်ဘက်လေးတွေ ကျရှုံးနေရင် ပြိုင်ဘက်ကောင်းပီသဖို့ရောပါ စောင့်တန်စောင့်မှာပါ..။ နွေမနက်ခင်းတစ်ခုရဲ့ အရသာခပ်ရှိန်းရှိန်းအတက်အဆင်းလေး သူတို့နဲ့ အတူခံစားမှ ကိုယ်လည်း ပြိုင်ဘက်တစ်ယောက်ပီသ သူလည်း ပြိုင်ဘက်ကောင်းတစ်ယောက်ကို လေးစားမှာ... သူကျရှုံနေတဲ့အခါ တွဲထူမှာ.. သူလဲပြိုနေတဲ့အခါ ဖေးမမှာ... သူအားနည်းတဲ့အခါ အနိုင်မယူပါ.. အဘယ်ကြောင့်ဆိုသော်.. မုဆိုးကောင်းဟူသည် အိပ်နေသော သားကောင် အားနည်းနေသော သားကောင် ချောင်းပစ်ရိုးထုံးစံမရှိသကဲ့သို့ ပြိုင်ဘက်ကောင်းတစ်ယောက်သည်လည်း လဲပြိုအားနည်းရှုံးနိမ့်နေသော ပြိုင်ဘက်တစ်ယောက်ကို အနိုင်မယူ......။..

ไม่มีความคิดเห็น:

แสดงความคิดเห็น