วันจันทร์ที่ 19 พฤษภาคม พ.ศ. 2557

ရနိုင်​ခဲ​သောပုဂ္ဂလ်​ နှစ်​မျိုး

“ရနိုင်ခဲသောပုဂ္ဂိုလ် နှစ်မျိုး” ••••••••••••••••••••••••••••••• ၁။ ရှေးဦးစွာ ကျေးဇူးပြုတတ်သောပုဂ္ဂိုလ်၊ ၂။ ပြုဖူးသောကျေးဇူးကို သိပြီး ကျေးဇူးတုံ့ပြန်တတ်သောပုဂ္ဂိုလ် ကျေးဇူးရှိဖူးလျှင် “သက်ရှိပုဂ္ဂိုလ်”ကို မဆိုထားဘိ၊ “သက်မဲ့” ကိုပင် ကျေးဇူးသိသင့်သည်ကို မာန်လည်ဆရာတော်က ဤသို့သတိပေးခဲ့သည်။ ( သ၀ိညာဏက၊ မဟုတ်စွသေး၊ ရုက္ခဆာယာ၊ သစ်ရိပ်သာ၌၊ ရံခါတခိုက်၊ ကြုံကြိုက်နေနား၊ ခိုမိငြားက၊ ပြစ်မှားလိုလျက်၊ တရားပျက်၍၊ အခက်ကိုမျှ၊ မချိုးရဘူး။ ချိုးက ဗာလ၊ မိတ္တဒုဗ္ဘော်၊ ပျက်ခေါင်းကျော်သည်၊ မတော်စရိုက် လူမိုက်တည်း။ ) သစ်ပင်ရိပ်ကို ခိုလှုံဖူးသူသည် အသက်မရှိသော ထိုသစ်ပင်၏ အကိုင်းအခက်ကို မချိုးမဖြတ်ကောင်း၊ ချိုးဖြတ်က လူမိုက်ပျက်ခေါင်ကျော်ကြီး ဖြစ်တော့သည်-ဟု ဆိုထားသည်။

ไม่มีความคิดเห็น:

แสดงความคิดเห็น