မိမိ၏စိတ်ကို စောင့်ရှောက်ခြင်း ♦ဗုဒ္ဓဓမ္မစာပေများနှင့် အသိအလိမ္မာ ဉာဏ်ပညာကို ပေးစွမ်းနိုင်သော စာကောင်းပေမွန်များကို ဖတ်ရှုခြင်းသည်လည်း မိမိ၏ စိတ်ကို စောင့်ရှောက်နေခြင်းဖြစ်ပါတယ်။ ♦မကောင်းတဲ့ အာရုံများနှင့် မကြုံတွေ့အောင် ကြိုတင်ရှောင်ရှားသော နေနည်းသည်လည်း မိမိစိတ်ကို စောင့်ရှောက်နေခြင်းဖြစ်ပါတယ်။ ♦မကောင်းတဲ့ အာရုံများ စိတ်ထဲဝင်လာလျှင် ဝင်လာချင်း ရတနာသုံးပါး အပေါ်ကို အာရုံပြောင်းသောနည်းသည်လည်း မိမိ၏စိတ်ကို စောင့်ရှောက်နေခြင်းဖြစ်ပါတယ်။ ♦မလွှဲမရှောင်သာ စိတ်ဆိုးစိတ်ပျက် ဒေါသထွက်စရာများနှင့် ကြုံလာလျှင် လွန်လွန်ကဲကဲ မပေါက်ကွဲအောင် ထိန်းထိန်းသိမ်းသိမ်းနေမည်ဟု ကြိုတင်ဆုံးဖြတ်ထားခြင်းသည်လည်း မိမိ၏ စိတ်ကို စောင့်ရှောက်ခြင်း ဖြစ်ပါတယ်။ -(ပေါက်မြိုင် ဆရာတော်ဘုရားကြီး) [စံတော်ချိန် သတင်းစာ
ไม่มีความคิดเห็น:
แสดงความคิดเห็น