ရဟန်းတော်များမှာ ပါတိမောက္ခ သံဝရသီလ ခေါ်သော ၀ိနည်းသီလများကို စောင့်ထိန်း ရ၏။ ရဟန်းဖြစ်ပြီးလျှင် ပြီးချင်း အထူးဆောက်တည်နေဖို့ အလိုဘဲ ဆောက်တည်ပြီးသား ဖြစ် သွားပြီးလျှင် စောင့်စည်းထိန်းသိမ်းရန် တာဝန်အပြည့် ရှိလာတော့၏။ ရှင်သာမဏေများမှာ ၁၀ ပါး သီလကို ဆောက်တည် စောင့်ထိန်းရ၏။ လူအများမှာ ၅ ပါး သီလ၊ ၈ ပါး သီလ၊ (၈ ပါး သီလတွင် မေတ္တာစိတ်ထားကို ထည့်၍ ) ၉ ပါး သီလ၊ အာဇီဝဌမက သီလ များကို ဆောက်တည် စောင့်ထိန်း ကြရ၏။ စွမ်းနိုင်လျှင် ၁၀ ပါး သီလကိုလည်း စောင့်ထိန်းနိုင်၏။ (၀ိသုဒ္ဓိ ၁၊ ၁၅။ ဣတိ ဌ၊ ၁၉၄ ) ကဿပ ဘုရားရှင် လက်ထက်တော် အခါ၌၊ ဃဋိကာရ အိုးထိန်းသည်၊ ကိကီ မင်းကြီး၏ သမီး ၇ ယောက်၊ ဂေါတမဘုရားရှင် လက်ထက်တော်အခါ၌ ဟတ္ထက ဥပသကာ၊ ဟတ္ထာဠ၀က ဥပသကာ စသည်တို့ ၁၀ ပါး သီလကို အသက်ထက်ဆုံး ဆောက်တည် ထိန်းသိမ်းကြပါ၏။ ။ {လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာမှ ကူးယူရေးသားပါသည်။} “ဆုတောင်းပတ္တနာ” ဓမ္မဒါန၊ ဤပုညကြောင့်၊ ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊ ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊ အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊ လျင်စွာရစေ၊ တောင်းဆုခြွေသည်၊ မသွေပြည့်ဝပါစေသော်။ ။
ไม่มีความคิดเห็น:
แสดงความคิดเห็น