အစမ အလယ်မ အဆုံးမ အဆုံးထိ မနိုင်မှ အဆုံးအမလို့ ဆိုရတယ်။ လူတစ်ယောက် ပိုက်ဆံတွေ အများကြီး ရသွားတာနဲ့ သူ့ဘ၀လမ်းဆုံး ပန်းတိုင်ရောက်ပြီလို့ ဆိုနိုင်သလား။ ပိုက်ဆံချမ်းသာပြီး စိတ်ဆင်းရဲနေသူတွေ အများကြီး၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဘ၀တွေက လွတ်မြောက်ရာ သံသရာခ၇ီးရှည်ကြီးရဲ့  အဆုံးထိ ရောက်အောင် မ နိုင်မှ အဆုံးမ အဆိုအမိန့် စစ်စစ်ဖြစ်တယ်။ ဒါနခန်း ပေးကမ်းစွန့်ကြဲခြင်း အကျိုးလောက်ဟောပြီး ဘ၀အစကောင်းရုံ ညွှည်ပြနိုင်တာမျိုးက “အစမ” ပဲရှိသေးတယ်။ အဆုံးမ မဟုတ်သေးဘူး။ သီလခန်းလေး ဟောပြီး ကိုယ်ကျင့်ကောင်း လမ်းညွှန်တယ် ဆိုတာမျိုးကလည်း “အလယ်မ” ပဲရှိသေးတယ်။ အဆုံးမ မဟုတ်သေးဘူး။ သံသရာဝဋ်ဆင်းရဲအပေါင်းကို နိဂုံးကမ္ပတ် အဆုံးသတ်ပေးပြီး တစ်ဖန်ပြန်လည် ဆင်းရဲခြင်း၊ ဖြစ်ရပျက်ရခြင်း၊ စရခြင်း လည်ရခြင်း ဆိုတဲ့ အစ အလယ်တွေကိုပါ အဆုံးသတ်ပေးပြီး ဆင်းရဲခြင်း လုံးလုံးမရှိရာ “အဆုံးနိဗ္ဗာန်” အထိ မ နိုင်မှ အဆုံးမလို့ ခေါ်ရပါတယ်။ အဆုံးထိ မ နိုင်တဲ့ အဆုံးအမမျိုး တို့ဗုဒ္ဓဘာသာ တရားတော်မှာပဲ ရှိပါတယ်။ အစမ ဆိုတဲ့ ဒါနခန်းနဲ့ ရပ်မထားဘူး။ အလယ်မ ဆိုတဲ့ သီလခန်းနဲ့ ရပ်မထားဘူး။ အဆုံးမ ဆိုတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ထိ ဘာဝနာခန်း ပညာခန်းတွေကို ပြည့်ပြည့်စုံစုံ ညွှန်ပြနိုင်ပါမှ အဆုံးအမ သြ၀ါဒ စစ်စ်ဖြစ်ပါတယ်။ မဟာဗောဓိမြိုင်ဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် “အကောင်းဆုံးကို ရအောင်ယူ လောက ဓမ္မသြ၀ါဒများ”
ไม่มีความคิดเห็น:
แสดงความคิดเห็น