ချစ်သူ ကဗျာ
ခွင့်မပန်ပဲ မသွားပါနဲ့ အချစ်ရေ
တစ်ညလုံး မင်းကို စောင့်ကြည့်ခဲ့ရလို့
အခုတော့ ....ငါမျက်လုံးတွေဟာ
အိပ်ချင်စိတ်နဲ့ လေးလံခဲ့ပေါ့။
မှေးမှိတ်....အိပ်ပျော်သွားတဲ့ အခိုက်မှာ
မင်းကို လက်လွတ် ဆုံးရူံး သွားမှာကို
စိုးကြောက်မိပါရဲ့။
ခွင့်မပန်ဘဲ...မသွားပါနဲ့...အချစ်ရေ။
မင်းကို ထိတွေ့ဆုပ်ကိုင် ထားမိဖို့
ငါလက်တွေနဲ့ ထထိုင်စမ်းသပ် ခဲ့မိပေါ့။
အဲဒါတွေဟာ အိမ်မက်တစ်ခု ပဲလား`` လို့
ကိုယ်ဘာသာ ကိုယ်လည်း...ပြန်မေးခဲ့ မိပါရဲ့။
မင်းရဲ့ခြေအစုံကို ငါ့နှစ်လုံးသား နဲ့ ရစ်ပတ်ပြီး
ရင်ထဲမှာ...ခိုင်မြဲစွာ
သိမ်းဆည်းထား ပါရစေ...ကွယ်။
ခွင်မပန်ဘဲ...မသွားပါနဲ့...အချစ်ရယ်။
ไม่มีความคิดเห็น:
แสดงความคิดเห็น