ချစ်သူသစ်ပင်
ဝေဒနာလွမ်း ခရီးကြမ်းမှာ
မောပန်းဖြစ်လာ၊ မောင့်သည်းညှာတွက်
မေတ္တာသန့်စင်၊ အေးရိပ်ထင်သည့်
သစ်ပင်တစ်ပင်ဖြစ်ချင်သည်။
သည်အရိပ်မှာ၊ မောင့်အသည်းညှာရယ်
ခိုပါနားပါ အားဖြည့်ပါ။
နာကြည်းကြွေကွဲ၊ ဝမ်းနည်းမူ့တွေ
သည်ပင်ခြေမှာ ထားခဲ့ပါ။
အရိပ်မိုးသူ၊ ယူထားပါ့မယ်
အားမငယ်နှင့်၊ နွမ်းနယ်မူသာ
ကိုယ်မှခွါ၍၊ သည်မှာချန်ရစ် ထားခဲ့ပါလေ။
တစ်ထောက်တစ်နား၊ ခိုဝင်နား၍
အားပြည့်ရွင်လန်း၊ ပျော်ပန်းအသစ်
ရင်၌ဖြစ်လာ၊ သောအခါဝယ်
လိုရာသို့ရည်၊ သွားမည်ဆိုလည်း
သဘောပဲလေ၊ ကြွေကွဲရုံသာ
မတားပါဘူး။
သို့စေသို့ရာ၊
စွန့်ခွါဖို့ပြင်၊ မသွားခင်တော့
မှာချင်ပါ၏၊ ငြိုးမရှိလည်း
ကျန်ရစ်သစ်ပင်၊ သက်မရှင်၍
စည်ပင်မူကင်း၊ ရုပ်အကြွင်းကို
အရင်းကပင်၊ ပိုင်းခဲ့ပါ။
ပစ်ထားကျန်ရစ်၊ ပင်မဖြစ်သည့်
သစ်ငုပ်တိုလို နေပါ့မည်။
ไม่มีความคิดเห็น:
แสดงความคิดเห็น