တစ်ချို့ယောက်ျားတွေဟာ နေရာတိုင်းမှာ ဦးဆောင်ရမှ ကျေနပ်တတ်ကြတယ် သမီး.......။ သူတို့ရဲ့ ဘဝဟာလည်း အခန်းကဏ္ဍတစ်ခုခုမှာ ဦးစီးခေါင်းဆောင်း ဖြစ်နေတတ်တယ်။ သူတို့ဟာ သူတို့လမ်းညွှန်တဲ့အတိုင်း လိုက်နာမှ သဘောကျကြတယ်။ သူတို့ မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူတို့ရဲ့ ဘဝကြင်ဖော်က ခေါင်းညိတ်လိုက်လျောဖို့ လိုလားတတ်ကြ တယ်။ သူတို့ဆန္ဒကို ကန့်ကွက်မယ်ဆိုရင်လည်း လက်မခံချင်တတ်ကြဘူး။ လူအများကို ထိန်း သိမ်းအုပ်ချုပ်နေရသူမို့ မိန်းမတစ်ယောက်ကိုမှ မပိုင်နိုင်ရကောင်းမလားရယ်လို့ လူတွေ ဝေဖန် ကဲ့ရဲ့ကြမှာ အင်မတန် စိုးရိမ်သူတွေဖြစ်တယ်။ အဲဒီအခါ အဓမ္မတိုက်တွန်းခြင်းတွေ၊ အမိန့်ပေးစေခိုင်းခြင်းတွေ၊ လူရှေ့သူရှေ့ အနိုင်ယူ ပြမှုတွေ ပြုမူလာတတ်ကြတော့တယ်။ သမီးအနေနဲ့ ဒီလိုယောက်ျားမျိုးကို ရွေးချယ်မိခဲ့ရင် သမီးဘဝရဲ့ ရပ်တည်မှုအခြေအနေ တွေကို ထိပါးခံလာရဖို့ သေချာတယ်ကွယ်။ သမီးမှာ ကိုယ့်စိတ်တိုင်းကျ ဘဝတည်ဆောက်ခွင့်တွေ ဆုံးရှုံးလာရလိမ့်မယ်။ သူ့စိတ် ကြိုက် လိုက်လျောနေထိုင်ရင်း မနိုင်၍ သည်းခံရခြင်းတွေနဲ့အတူ ကြာလာတာနဲ့အမျှ စိတ်ဆင်း ရဲရမှာ အမှန်ပဲသမီး
ကြိုတ်သွားပြီ
ตอบลบ