วันพฤหัสบดีที่ 11 กันยายน พ.ศ. 2557

ကိုယ်ကိုကိုယ် ဖျက်မှ ပျက်သည်”


“ကိုယ်ကိုကိုယ် ဖျက်မှ ပျက်သည်”

•••••••••••••••••••••••••••••••••••••••••
လူတို့သည်ကိုယ်ကိုကိုယ် ဖျက်၍ပျက်နေသည်ကို တစ်စုံတစ်ယောက်ကြောင့်
ပျက်ဆီးရသည်ဟုထင်နေသည်။တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်
မိမိ ဘဝ၏ပဲ့ကိုင်ရှင်မဟုတ်ပါ။မိမိ၏ ကောင်းမှု ၊ မကောင်းမှု သည်မိမိလက်ထဲမှာသာ ရှိသည်။

●မိမိကာယကံကို မိမိကိုယ်တိုင် ဖျက်မှ ပျက်သည်။
တစ်ပါးသူကမဖျက်ဆီးနိုင်ပါ။
●မိမိဝစီကံကိုလည်း မိမိကိုယ်တိုင် ဖျက်မှပျက်သည်။တစ်ပါးသူကမဖျက်ဆီးနိုင်ပါ။
●မိမိမနောကံကိုလည်း မိမိကိုယ်တိုင် ဖျက်မှပျက်သည်။တစ်ပါးသူကမဖျက်ဆီးနိုင်ပါ။

အကုသိုလ်စရိုက်ဆိုး မှန်သမျှပြုလွယ်ဖြစ်လွယ် ကျူးလွန်ရန် အလွန်လွယ်ကူသည်။
ထိုကြောင့်မိမိကိုယ်ကိုဖျက်ဆီးရန်လည်း လွယ်ကူနေခြင်းဖြစ်ပါသည်။

“ပါပသ္မိံရမတိ မနော” ဟုဆိုသည်မဟုတ်လော။ကျောက်မှဖြစ်သော ဝရဇိန်သည် မှီရာကျောက်ကို
ထွင်းဖောက် ဖျက်ဆီးလေသကဲ့သို့ ၊မိမိပြုသောမကောင်းမှုသည် မိမိကိုယ်ပင်ပြန်လည်ဖျက်ဆီး၏။

(မဟာကာလဥပသကဝတ္ထု)
-【အရှင်ဝိလာသဂ္ဂ  (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】

ไม่มีความคิดเห็น:

แสดงความคิดเห็น