วันจันทร์ที่ 8 กันยายน พ.ศ. 2557

ရည်မှန်းချက်ပန်းတိုင်မရှိတဲ့ တဖက်သတ်အတွေးတွေနဲ

ရည်မှန်းချက်ပန်းတိုင်မရှိတဲ့ တဖက်သတ်အတွေးတွေနဲ့ 

ရည်မှန်းချက်ပန်းတိုင်မရှိတဲ့ တဖက်သတ်အတွေးတွေနဲ့  ရာသီတွေကျော်ဖြတ်နေခဲ့ တာဘာလိုလိုနဲ့ ပဲ တမိုးကုန်လို့ တဆောင်းကူးပြန်တော့မှာပေါ့ ကြိုးကြိုးစားစားနဲ့ ဘ၀ကိုစိမ်ခေါ်နေပေမယ့် မနိုးကြားတဲ့ ငါ့ကံကြမာကဘိုနေမြဲကျားနေမြဲပေါ့ မလျော့သောဇွဲနဲ့ လေဆန်ကိုကျော်ဖြတ် တစိုက်မက်မက်ရှေ့ ဆက်နေခဲ့ တာခုဆို နှလုံးသားကဒဏ်ရာတချို့ တောင်ပြောက်ကွယ်လုလု ဘောင်ခတ်သိမ်းထားခဲ့ တဲ့ ဓါတ်ပုံလေးတောင် ခနခနပြုတ်ကျလို့ ဆေးရောင်တွေပြယ်လုလု ရိုးသားတဲ့အချစ်ကရှုံးနိမ့်ရစမြဲဆိုတာအစဉ်လာ တစ်ခုလားဆိုတာသေချာမသိပေမယ့်တစ်ကြိမ် တော့ရှုံးနိမ့်ဘူးခဲ့ပြီနေ့ ရက်တွေတနေ့ ပြီးတနေ့  လှည့်ပတ်ခဲ့ တာခုဆိုပြောက်စပြုနေတဲ့ နှလုံးသား ကဒဏ်ရာကိုတမင်တကာလားမတော်တစလား မသိရတဲ့ `သူ´တစ်ယောက်ခလုပ်တိုက်ခဲ့ လေပြီ လေးမှန်ဘူးတဲ့ စာသူငယ်တစ်ကောင်ကလေးသံ ကြားရင်ကြောက်တတ်နေခဲ့ ပြီရှုံးနိမ့် ဘူးတဲ့  အသဲနှလုံးနောက်တစ်ခါကွဲတာလက်မခံနိုင်ဘူးလေ ဒါကြောင့်ခလုပ်တိုက်သွားသူရေပြန်လှည့်မကြည့်ဘဲ ရှေ့ ဆက်သွားပါတော့ကွယ်.........................။

ไม่มีความคิดเห็น:

แสดงความคิดเห็น