วันจันทร์ที่ 8 กันยายน พ.ศ. 2557

အရံလူ

အရံလူ
*********

#ချစ်ခြင်းတွေ စစ်ခင်းလို့
နှလုံးသား ပေးအပ်တဲ့ပွဲမှာ ငါက
အရံလူ ပါ

#ပြောခွင့်ရှိခဲ့တဲ့ သူရဲ့အချစ် မှ
အစစ် လို့ မင်းထင် ခဲ့တော့လဲ
မ ပြောပဲ ကြေကွဲခဲ့ရတဲ့ ငါက
အရံလူ ပါ

#ချစ် နေရက် နဲ့ မသိချင် ယောင် ဆောင် ရတဲ့အခါ
ငါ့နှလုံးသား တစ်ခုလုံး နာကျင် ရတာ
မင်းသိဖို့ မ ပြောရဲတဲ့ ငါက
အရံလူ ပါ

#အရံလူ ဆိုတာ
ချစ်တယ် ပြောခွင့် မရှိတော့ပေမယ့်
မင်းအတွက် ပျော်ရွှင် မှုတွေ
အမြဲဖန်ဆင်း ပေးချင် နေတဲ့
မျက် ရည် တွေနဲ့ ပြုံးပြခဲ့သူပါ ချစ်သူ

ไม่มีความคิดเห็น:

แสดงความคิดเห็น