วันจันทร์ที่ 8 กันยายน พ.ศ. 2557

ဘဝ ဆိုတဲ့ ရထားတစ်စင်း အချစ် ဆိုတဲ့ ဘူတာတစ်ခု

ဘဝ ဆိုတဲ့ ရထားတစ်စင်း အချစ် ဆိုတဲ့ ဘူတာတစ်ခု

ဘဝ ဆိုတဲ့ ရထားတစ်စင်း
အချစ် ဆိုတဲ့ ဘူတာတစ်ခု မှာ
ဆိုက်ကပ် ပြီး ပြန်ထွက်ခွာချိန်
အလွမ်းတွေ သယ်သွားရလိမ့်လို့ 
ဘယ်သူက ထင် မိမှာလဲ

ခဏနားတဲ့ သစ်တစ်ပင် အောက် က
အရိပ် ရခြင်းတွေကို
သယ်ဆောင် မသွားနိုင် ပေမယ့်
အေးမြခဲ့ဖူးတာတော့
ညာလို့  မရဘူးလေ

ချစ်သူ ဖြစ်ခွင့် မရခဲ့ပေမယ့်
ချစ်ခဲ့ဖူးတဲ့ နှလုံးသားက တော့
အလွမ်းတွေကို အ ဖော်ပြုနေတယ်

အမှတ်တရ တွေက
လွမ်းဖို့  အတွက် မဟုတ်ပေမယ့်
ခရီးသွား တစ်ယောက် အတွက် တော့
ဒိုင် ယာရီ တွေ ဖြစ်နေခဲ့ပြီလေ

ไม่มีความคิดเห็น:

แสดงความคิดเห็น