วันเสาร์ที่ 27 กันยายน พ.ศ. 2557

သည်းခံစိတ်ရှိတဲ့ လူသားဆိုတာ


သည်းခံစိတ်ရှိတဲ့ လူသားဆိုတာ
********************************
သည်းခံတယ် ဆိုတာ......ရောက်လာမယ့်အပူကို
" ပါးနပ်သူ " တစ်ယောက်အဖြစ်ရှောင်လွဲပြစ်လိုက်တာပါ ။
သည်းခံတယ် ဆိုတာ......ရောက်လာမယ့် ရန်ဟူသမျှကို
" ပညာရှိနည်း " နဲ့ အကာကွယ်ယူကာမောင်းထုတ်ပြစ်လိုက်တာပါ ။
သည်းခံတယ် ဆိုတာ.......လူအများ မလုပ်နိုင်တဲ့ အလုပ်ကို
စိတ်ဓာတ် ခိုင်မာစွာနဲ့" သတ္တိ " ရှိစွာ လုပ်ဆောင်ပြလိုက်တာပါ ။
သည်းခံတယ် ဆိုတာ......တန်ဖိုးရှိတဲ့ မိမိရဲ့စိတ်ကလေးကို
အထိခိုက် မခံပဲမှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို" ရဲရဲဝံ့ဝံ့ " သုံးသပ်ပြစ်
လိုက်တာပါ ။
အဲဒါကြောင့်........လောကမှာ သည်းခံနိုင်တဲ့ လူသားဆိုတာ
ထုံအတဲ့ လူသား ၊ နုံနဲ့တဲ့ လူသား ၊အရှုံးများတဲ့ လူသား ၊ အသုံးမကျတဲ့
လူသား ၊သတ္တိနည်းတဲ့ လူသားလို့ မတွေးယူလိုက်ပါနဲ့ ။
အမှန်တကယ်တော့.....သည်းခံနိုင်စိတ် ထားနိုင်တဲ့ လူသားဆိုတာ...
အကျိုး အကြောင်း ၊ အဆိုး အကောင်း ၊အမှား အမှန်တို့ကို ဝေဖန်
ပိုင်းခြားနိုင်ပြီးနောက်လှည့်ကြည့်စရာမလိုပဲပြတ်သားစွာ ဆုံးဖြတ်
ချက်တွေနဲ့ပညာရှိအမူအကျင့်တွေကို လက်ကိုင်ထားတဲ့သူရဲကောင်း တစ်ဦးပါလေ ။
Credit to Minkha Soe San

ไม่มีความคิดเห็น:

แสดงความคิดเห็น