วันจันทร์ที่ 8 กันยายน พ.ศ. 2557

ကိုယ်​တန်​ဖို့ကို မသိသူ


ကိုယ့်တန်ဖိုးကို မသိတတ်သူကို ခပ်မြန်မြန် မေ့ပစ်ရမယ် ...

တနေ့နေ့ သူ ပြန်လာနိုး နဲ့ စောင့်နေရင်း ကိုယ့်အချိန်တွေကုန်သွားတယ်

တနေ့နေ့ သူ နားလည်လာမှာလို့ ဖြေတွေးရင်း ကိုယ့်မျှော်လင့်ချက်တွေဆုံးရှုံး ခဲ့ရတယ်

တနေ့နေ့ သူ ကိုယ်ချင်းစာတတ်မှာပါလို့တွေးပြီး အကြိမ်ကြိမ်ပြောခဲ့မိတဲ့လမ်းမခွဲဖို့စကားတွေအတွက် ကိုယ့်မာနတွေရိုက်ချိုးခံခဲ့ရတယ်

တကယ်တမ်းတွေးကြည့်ရင်
ကိုယ့်ဘက်က ပေးဆပ်သလောက် သူ့ဘက်က ဘာတုံ့ပြန်မှုရခဲ့လဲ ?

နွေးထွေးပေးရမယ့် ကြင်နာမှုတွေအစား
အေးစက်စက် နာကျင်မှုတွေပဲ သူ ပေးခဲ့တယ်

မေ့ပစ်လိုက်ပါ
မင်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား မင်းအတွက် သူ ပြန်မလာခဲ့တော့ဘူးလေ

မင်းအတွက် ‘သူ’ဟာ ထာဝရသေဆုံးသွားပြီလို့ပဲ မှတ်လိုက်တော့ပေါ့ !

လမ်းခွဲပြီးရင် မလွမ်းကြေး ..
OK ?
အဆင်ပြေသွားမှာပါ

ไม่มีความคิดเห็น:

แสดงความคิดเห็น